Lee Min Ho Life Story

Lee Min Ho Life Story ( လီမင်ဟိုအကြောင်း တစေ့တစောင်း ) 😀🌿🍃💘🍁

F4 ချစ်သူအမည်ရတဲ့ ကိုရီးယားဒရမ်မာ ဇာတ်လမ်းတွဲနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝမ်းက ပရိတ်သတ်များစွာရဲ့ ထောက်ခံမှုတွေရနေတဲ့ လီ ရဲ့ BIG FAN တွေအတွက် 💦💦

လီ ကို June , 22 , 1987  Korea နိုင်ငံ Soul မြို့မှာမွေးခဲ့တာဖြစ်ပါတယ် ။ လီမှာ အစ်မတစ်ယောက် ( လီယွန်ဂျောင်း ) ရှိပြီး သူမဟာလည်း MYM Entertainment ရဲ့ CEO တစ်ယောက်ဖြစ်ပါတယ် ။ လီ ဟာ သရုပ်ဆောင် ၊ အဆိုတော် ၊ မော်ဒယ် အဖြစ်ရပ်တည်လျက်ရှိပြီး လက်ရှိမှာလည်း MYM Entertainment နဲ့လက်တွဲနေတာပဲ ဖြစ်ပါတယ် ။ လီဟာ Konkuk University ကနေ B.A ( Film & Art ) ဘွဲ့ ရရှိခဲ့တာဖြစ်ပါတယ် ။ မင်းသားမဖြစ်ခင် လီဟာ အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်ချင်တာပဲ ဖြစ်ပါတယ် ။

လီ ဟာ Boys Over Flower(2009) ဇာတ်ကားမှာ ဂူဂျွန်ဖြိုး ဆိုတဲ့အမည်နဲ့ ပရိတ်သတ်တော်တော်များများ သိရှိခြင်းကို ခံရပြီး နောက်ပိုင်းမှာထွက်ရှိတဲ့ TV Series တွေဖြစ်တဲ့ City Hunter , The Heirs , Faiths စတဲ့ဇာတ်ကားတွေနဲ့ပါ မတူညီတဲ့ဇာတ်ကောင်တွေအဖြစ် ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ လီဟာ ဆုပေါင်း ၃၀ ကျော်ရရှိထားသူလည်းဖြစ်ပါတယ် ။

လီဟာ City Hunter ဇာတ်လမ်းထဲက မင်းသမီး ပက်ခ်မင်ယောင်း နှင့် ချစ်သူရီးစားတွေ ဖြစ်ခဲ့ပေမယ့် လအနည်းငယ်အတွင်းမှာ ချစ်သက်ပြယ်ခဲ့ပါတယ် ။ ခုတော့ လီ ဟာ Suzy ဆိုတဲ့ အဆိုတော်မလေးနဲ့ တွဲနေပါတယ် ။

လီဟာ The Face of Korea Tourism လိုမျိုး Social ဘက်တွေမှာလည်း Ambassador အဖြစ်တာဝန်ဆောင်ရွက်ခဲ့ပါတယ် ။ လီ ဟာ Social Media တွေဖြစ်တဲ့ Facebook , Twitter , Instagram လိုမျိုးတွေမှာ Follower အများအပြားရရှိခဲ့ပါတယ် ။ တရုတ် Entertainment မဂ္ဂဇင်းတစ်ခုက လီ့ ကို " Asia Male God " လို့တင်စားထားပါတယ် 🌿🍃😀🌞

လီမင်ဟိုရဲ့ ချစ် Fan ကြီးများ ဒီလောက်ဆို တော်ပြီနော် 💚🌺

Thx for reading ☆☆☆

မျိုးသွင်အောင်
Economics (MUE)
www.leeminho.kr


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment