😘 Song Joong Ki & Song Hye Ko SkinCare Secret 😘
KBS ရုပ်သံလှိုင်းရဲ့ နာမည်ကျော် DOTS ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသား ဆောင်းဂျွန်ကီ နှင့် မင်းသမီးဆောင်းဟေကိုတို့ဟာ သူတို့အသားအရေ ဘာကြောင့် လှပ နေရတာလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ် ..။
" စစ်မှုထမ်းပြီးပြန်လာတာတောင် အသားအရေက နူးညံ့ ဝင်းမွတ်နေတာပဲ " လို့ပြောတော့ ဂျွန်ကီ က ရယ်ပါတယ် 😃
ဂျွန်ကီက " စစ်သားတွေဟာ အသားအရေကို ထိမ်းသိမ်းဖို့ ကြိုးစားကြပါတယ် .. သူတို့ဟာ Product သုံး ၊ လေးမျိုးလောက်သုံးကြတယ် ..။ ကျွန်တော်က အခု SkinCare company တစ်ခုနဲ့ မော်ဒယ်လုပ်ဖို့ စာချုပ်ချုပ်ထားတယ် .. ပြီးတော့ အဲ product ကိုကျွန်တော်ကိုယ်တိုင်လည်း သုံးဖြစ်တယ် .. အမြဲတမ်း SunCream ကိုလိမ်းတယ် .. ပြီးတော့ နေ့တိုင်းလိုလို mask ဒါမှမဟုတ် Pack တစ်ခုခုကို သုံးပါတယ် " လို့ ဖြေကြားခဲ့တာဖြစ်ပါတယ် ..။ ချစ်Fan တို့လည်း ပူပြင်းတဲ့ Summer မှာ SPF ပါတာလိမ်းဖို့မမေ့နဲ့နော် !
မင်းသမီး ဆောင်းဟေကိုကတော့ " ကျွန်မက အလုပ်အားတဲ့ ရက်တွေမှာတော့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ တွေ့ပြီး လိုအပ်တဲ့ အသားအရေကုသမှုခံယူပါတယ် .. အလုပ်များတဲ့ ရက်တွေမှာတော့ Mask တွေကို ကျွန်မနဲ့ အတူသယ်ပြီး သုံးနေဖို့ အချိန်မရဘူးလေ " လို့ပဲဖြေသွားပါတယ် ..။
မင်းသားဟာ ဘယ် Brand ရဲ့ မျက်နှာသစ် Model အဖြစ် စာချုပ်ခဲ့တာလဲ ?? ဂျွန်ကီဟာ Forencos အမှတ်တံဆိပ်အတွက် Brand Model အဖြစ်စာချုပ်ချုပ်ဆိုခဲ့တာပါ ..! ပြည်တွင်းမှာရောင်းရင် ဂျွန်ကီ့ Fan တွေ ဝယ်သုံးကြမယ်ဟုတ် !!
Thx for reading 😉😉😉
မျိုးသွင်အောင်
Economics (MUE)
Source : soompi.com
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment