DOTS ဇာတ်ကားမှ ဆောင်းဟေကိုရဲ့ အလှတရားလျှို့ဝှက်ချက်





💛 Descendants of the Sun Korea Drama ဇာတ်ကားမှ ဆောင်းဟေကို (34 yr) ၏ အလှတရား လျှို့ဝှက်ချက် 💛

☆ အလှအပကို စိတ်ဝင်စားသူတိုင်းဖတ်ပါ ☆

Descendants of the Sun ဇာတ်လမ်းထဲမှ ဇာတ်လိုက်မင်းသား ဆောင်းဂျွန်ကီ ဟာ အသက် ၃၀ကျော် အရွယ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် မင်းသမီး ဆောင်းဟေကို ထက် ၄ နှစ်နီးပါး ငယ်နေပါတယ် ..။ ဒါပေမယ့် ဆောင်းဟေကို ရဲ့ အလှဟာအထက်တန်းကျောင်းသူတစ်ယောက်လို လှပနေဆဲပါ ...

♡ မင်းသမီး ဆောင်းဟေကို မှာ အလှတရားနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာ သေချာပါပြီ ..

❤ အသားဖြူဖို့အတွက် ကြက်ဥအကာနှင့်ပျားရည် 》》ကြက်ဥအကာ တစ်လုံးရယ် ၊ ပျားရည် စားပွဲတင်ဇွန်းတစ်စွန်းရယ် ကိုကျေအောင်နယ်ပြီး မျက်နှာပြင် အနှံ့သုတ်လိမ်းပေးပါ ..။ အခအခြောက်ခံပြီး ရေလေးနဲ့ ဆေးချလိုက်ပါ ..။ ညအိပ်ယာမဝင်ခင် အချိန်တိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ဆောင်းဟေကို ရဲ့ အလှအပလျှို့ဝှက်ချက်တစ်ခုပါ ..။

❤ ပျားရည် massage 》》 ပျားရည်၁ဆ ၊ ရေ၂ဆ ရောထားတာကို မျက်နှာပေါ်လိမ်းပြီးနှိပ်ပေးတာပါပဲ .. ပြီးရင်ဆေးချလိုက်ရုံပါ ..။ မင်းသမီးဟာ နောက်တစ်နည်းကိုလည်းပြောပြထားပါသေးတယ် ..။ ပျားရည် တစ်စွန်း ၊ နို့အမှုန့်တစ်စွန်း ၊ ကြက်ဥအကာ တစ်လုံးကို နယ်ပြီး မျက်နှာပေါ် မိနစ် ၂၀ ခန့်ထားကာ ရေဆေးချရုံပါပဲ..။

❤ ခါကြက်ဥ ၃ ဆ၊ ဂျုံ၂ဆ ၊ ရေ ၁ ဆ ရောပြီးလည်း mask အဖြစ် အသုံးပြုပါတယ်တဲ့ ..။

❤ မင်းသမီးဟာ သူ့ရဲ့မျက်နှာအတွက် နွားနို့ ကိုလည်းသုံးပါတယ် ..။

❤ ရေခဲတုံးလေးတွေနဲ့လည်း မျက်နှာကိုနှိပ်နယ် ပွတ်သတ်ပေးပါတယ် ..။ ဒါပေမယ့် ဒီနည်းလမ်းဟာ ကြိမ်ဖန်များလာတာနဲ့အမျှ တစ်ချို့အသားအရေတွေရဲ့ ဆံချည်မျှင်သွေးကြောတွေကို ပျက်စီးစေပါတယ် ။

❤ ဆောင်းဟေကိုဟာ အသားအရေကို ထိခိုက်စေတဲ့ ချောကလက် ၊ coke စတဲ့ အစားအစာတွေကို မစားပါဘူး ..။ သူမဟာ အသီးအရွက် တွေကိုသာများများစားဖြစ်တယ်လို့ဆိုပါတယ် ..။ နောက်ပြီး သူမဟာ ဖရုံသီးစားရတာလည်း ကြိုက်ပါတယ်တဲ့ ..။

❤ သူမဟာ အရေပြားကုဆရာဝန်တွေဆီသွားရောက် ပြီး အသားအရေကုသမှုတွေခံယူပါတယ် ..။ ပေါင်းတင်တာတွေလည်း လုပ်သလို သူမကိုယ်တိုင်ကလည်းလေ့ကျင့်ခန်းတွေ လုပ်ပါတယ်တဲ့ ...။

ကဲ .. ဆောင်းဟေကို ရဲ့ secret တွေကို သိပြီဆိုတော့ ဆောင်းဟေကို လို ကြိုးစားကြတာပေါ့ ...♡♡♡

Thx for reading 😉😉😉

Myo Thwin Aung
Economics ( MUE )


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment