😙 ကိုရီးယား အသဲစွဲလေးတွေ အသားအရေကို ဘယ်လို ထိမ်းသိမ်းကြသလဲ 😙
ကမ္ဘာကျော် ကိုရီးယား မင်းသား ၊ မင်းသမီးလေးတွေရဲ့ အသားအရေဟာ အပြစ်အနာ အဆာကင်းပြီး ကျန်းမာလှပနေတာကို တွေ့ရပါမယ် ! သူတို့တွေဟာ မိုးလင်းကနေ ညအိပ်ချိန်ထိ အသားအရေကို ဘယ်လို ထိမ်းသိမ်းကြသလဲ ? K-pop Star ဆယ်ဦးရဲ့ အသားအရေ ထိမ်းသိမ်းပုံကို နမူနာကြည့်ရအောင် ~~~
❤ Baro - B1A4
Baro ဟာ အရမ်းအဆီပျံတဲ့မျက်နှာပိုင်ရှင်ပါ ..။ ဒီတော့ သူက အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ရှားပါတယ် ..။ အဆီတွေက ချွေးပေါက်တွေကျယ်ပြီး ဝက်ခြံတွေကို ဖြစ်စေတယ်လေ !
❤ Henry - Super Junior M
Henry ကတော့ သူ့ရဲ့ကျန်းမာပြီး နုပျိုတဲ့ အသားအရေကြောင့် ကျော်ကြားတဲ့လူဆိုလည်း မမှားပါဘူး ။ သူဟာ နံနက် အိပ်ယာထထခြင်း လ္ဘက်ရည်နွေးနွေးလေး တစ်ခွက်ကိုသောက်တာကြောင့်လို့ပြောပါတယ် !
❤ Jae Joong - JYJ
သူကတော့ တခြား popular တွေနဲ့ဆန့်ကျင်ဘက်ပါပဲ ..။ Belif Jaejoong Stats မှာ သူ့အသားအရေဟာ အရမ်း sensitive ဖြစ်တဲ့အတွက် Facial Cleanser တွေကို မလိုအပ်ပဲ မသုံးပါဘူး ..။ ရေသန့်သန့်လေးနဲ့ပဲ မျက်နှာသစ်ဖြစ်ပါတယ် !
❤ Minah - Girl's Day
သူမရဲ့ ရွှန်းလဲ့ဖြူစင်တဲ့ အသားအရေအတွက် သူမဟာ အသားအရေလှစေတဲ့ အစားအစာတွေကို စားတယ်လို့ပြောပါတယ် ..။ ဥပမာ ခရမ်းချဉ်သီး ချက်စားတာတို့ပေါ့ !
❤ Jong Hyun
သူ့အသားအရေဟာ အမြဲတမ်း အပြစ်အနာအဆာ ကင်းနေတာ မဟုတ်ပါဘူး ..။ အခုတော့ သူ့ရဲ့ စင်းလုံးချောကောင်းမွန်တဲ့အသားအရေအတွက် အနားယူတဲ့ အချိန်တိုင်းမှာ Facial Mask ကို သုံးပါတယ် !
❤ Sungyeol - INFINITE
သူ့အသားအရေ ကျန်းမာရေးအတွက် ဆလတ်ရွက် ကိုသုံးပါတယ် ..။ နောက်ပြီး ဆလတ်ရွက်ကရတဲ့ အရည်ကို တော့ ဆံသားလေးတွေတောက်ပြောင်နေစေဖို့ အသုံးပြုပါတယ် !
❤ Song Joong Ki
သူဟာ သူ့ရဲ့ နွားနို့လေးလို ဖြူတဲ့ အသားအရေအတွက် နွားနို့ကို သုံးပါတယ်တဲ့ .. ညအိပ်ယာမဝင်ခင်မှာ သူ့မျက်နှာကို နွားနို့နှင့် ဆေးကြောလေ့ရှိပါတယ် ..!
❤ SeoHyun - SNSD
သူမဟာ မျက်နှာသစ်ပြီးတိုင်း အစိာတ်ထိမ်းသိမ်းဖို့ Facial Oil ပါးပါးလေး လိမ်းပါတယ် !
❤ Song Jieun
သူမကတော့ ရေက အရေးကြီးပါတယ်တဲ့ ..။ တစ်နေ့ကို ရေ ၃ လီတာကနေ ၄ လီတာအထိ သောက်ပြီးတော့ မသောက်တဲ့ အခါနဲ့ ဘာတွေထူးခြားလာသလဲဆိုတာ သတိထားကြည့်ပါတယ် !
မျိုးသွင်အောင်
Economics (MUE)
Source :: KOREABOO
0 comments:
Post a Comment