စီးပွားရေးကိုလေ့လာသင့်တဲ့ အကြောင်းအရင်း ၄ ချက်



စီးပွားရေးကိုလေ့လာသင့်တဲ့ အကြောင်းရင်း ၄ချက်

----------------------------

ယနေ့ခေတ်မှာ စီးပွားရေးကို လူတော်တော်များများ စိတ်ဝင်စားလာကြပါပြီ .. ။ ဆိုတော့ ကိုယ်ဟာ တက္ကသိုလ်ကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ်နဲ့ ထပ်တူကျတဲ့ တက္ကသိုလ်ကိုရွေးချယ်တာသာ အကောင်းဆုံးပါ ... ။ အကယ်၍ သင်ဟာ စီးပွားရေးကို စိတ်ဝင်စားတယ် .. ဆန်းသစ်တဲ့ အတွေးခေါ်တွေကို အလိုရှိရင် စီးပွားရေးတက္ကသိုလ် .. စီးပွားရေးမေဂျာကို ယူသင့်ပါတယ် .. ။

(၁) လက်တွေ့ကျသော အသိပညာ

Bussiness degree တစ်ခု ဒါမှမဟုတ်ရင် ကျောင်းမှာ သင်ရတဲ့ bussiness ပညာရပ်တွေက သင့်ရဲ့ practical နဲ့ theory ကိုထပ်တူကျစေပါတယ် .. ။ စီးပွားရေးမှာ သင်ရတဲ့ အယူအဆတွေဟာ လက်တွေ့ကျနနေမှာပါ .. ။

(၂)အခြေအနေအရင်းခံ သင်ကြားမှု

တက္ကသိုလ်ဆိုင်ရာတွေက နေ့စဉ်ဘဝနဲ့ဆိုင်တဲ့အရာ လူ့ဘဝထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ .. စီးပွားရေး case တွေကို ဥပမာပေးသင်ကြားထားတဲ့အတွက် .. သင်ရိုးတွေဟာ တကယ့်လက်တွေ့ဘဝနဲ့ ထပ်တူကျနနေမှာပါ .. ။ နောက်ပြီး ကျောင်းသားတွေအနေနဲ့လည်း ဒီပညာကြီးက လက်တွေ့မှာ တကယ်ကော စေ့စေ့ပေါက်ပေါက် အသုံးချလို့ရပါ့မလားဆိုတဲ့ သံသယစိတ်တွေ နည်းပါးလာမှာပါ .. ။ 

(၃) ရွေးချယ်စရာဘာသာရပ်တွေ

စီးပွားရေးဆိုတာနဲ့ Economics ကိုပြေးမြင်ရမယ့် ခေတ်မဟုတ်တော့ပါဘူး .. ။ စီးပွားရေးမှာ BBA , Stats , Com , Ecos , Acc စတဲ့ ဘာသာရပ်ခွဲတွေအများကြီးရှိတဲ့အတွက် ကျောင်းသားတွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုတာထက် ပိုပြီး အံခွင်ဝင်ကျဖြစ်မယ့် ဘာသာရပ်မျိုးကို ရွေးချယ်လာနိုင်တဲ့ အခွင့်ရေးတွေရှိလာပါတယ် ... ။

(၄) အပြည်ပြည်ဆိုင်ရာရှုထောင့်

စီးပွားရေးလုပ်ငန်းတွေ ပိုပိုပြီးတွင်ကျယ်လာတာနဲ့ အမျှ ကမ္ဘာကြီးဟာ ရွာငယ်လေးတစ်ခုဖြစ်သွားပါပြိ။ သင်ဟာ နိုင်ငံခြားကိုဖြစ်စေ .. ကောင်းမွန်တဲ့စီးပွားရေးပညာ တွေကိုသင်ပြီးရင် သင်ရလာတဲ့ ဘွဲ့ဒီဂရီက သင့်ကို ကမ္ဘာမှာ နေရာတစ်ခုဖန်တီးပေးပါလိမ့်မယ် .. ။ ဆိုလိုတာကတော့ သင့်အတွက် နိုင်ငံတကာမှာတောင် အလုပ်မရှားတော့ပါဘူး ... ။

မျိုးသွင်အောင်
Economics ( MUE )


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment