The MOST POPULAR  KOREAN  ACTORS 2015

10 💘 Lee Byung Hun

မင်းသားလီဗြောင်ဟွန်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ 12 July , 1970 မှာချမ်းသာတဲ့မိသားစုကနေ မွေးဖွားခဲ့ပါတယ် ..။ အသက် ၂၁ မှာ KBS ရဲ့ အစမ်းသရုပ်ဆောင်တာ အောင်မြင်ပြီး ရွေးချယ်ခံခဲ့ရပါတယ် ။KBS က ရိုက်ကူးတဲ့ " Asphalt My Hometown " ဒရမ်မာဟာ သူ့ရဲ့ ပွဲဦးထွက်ပါပဲ ..။ 1992 ခုနှစ်မှာတော့ KBS ရဲ့ " Tomorrow Love " ဒရမ်မာကားကို ရိုက်ခဲ့တာပါ ..။နောက်ပိုင်းမှာ ထွက်ရှိတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့ပါတယ် ။ အသက်ကြီးတယ်လို့ ထင်ရပေမယ့် သူ့ရဲ့ အောင်မြင်မှုက တည်ရှိနေဆဲပါ ..။


9💘 Jang Geun Suk

1987 , August 4 ရက်မှာမွေးဖွားတဲ့ ဂျောင်ဂျန်ဆော့ ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင် ၊ မော်ဒယ် ၊ အဆိုတော်လည်းဖြစ်ပါတယ် ။ သူဟာ ခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တဲ့ " You're Beautiful " , " Love Rain " , " Mary Stayed Out All Night " , " Pretty Man " စတဲ့ ဒရမ်မာကားတွေကနေ လူသိများခဲ့တာပါ ..။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂျန်ဆော့ ရဲ့ အနုပညာအလုပ်တွေ တိတ်ဆိတ်နေခဲ့ပေမယ့် သူရဲ့ ကျော်ကြားမှုကတော့ ရပ်တန့်မသွားပါဘူး ။


8💘 Gong Yoo

ဂေါင်ယွန်း ဟာ အသက် ၃၆ နှစ်ရှိပါပြီ ..။ သူရဲ့ပထမဆုံးကားဖြစ်တဲ့ " Biscuit Teacher " , " Star Candy " ကို ၂၀၀၅ မှာရိုက်ကူးခဲ့တာပါ ..။ တခြား ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ " School " , " Whenever the Heart Beats " , " 20 Years " , " One Fine Day " တွေမှာ ပါဝင်ခဲ့ပါတယ် ။ " My Tutor Friend " , " She's on Duty " , " Finding Mr.Destiny " ဟာသူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ drama ကားတွေပါ ။


7💘 Song Joong Ki

ချစ်စရာမျက်နှာ ပိုင်ရှင် ဂျွန်ကီဟာဆိုရင် ၂၀၀၈ မှာရိုက်တဲ့ " A Frozen Flower " ဟာသူ့ရဲ့ ပွဲဦးထွက် ကားပါ ။ နောက်မှာတော့ " Heart Paws " , " 2Penny Pinchers " တို့ကိုရိုက်ခဲ့ပါတယ် ..။ " SungKyunKwan Scandal " ဟာ ဂျွန်ကီ့ကို အောင်မြင်စေတဲ့ ဇာတ်ကားတစ်ကားပါ ..။ 2012 ခုနှစ်မှာ ခေါင်းဆောင်မင်းသားအဖြစ်ရိုက်တဲ့ " The Innocent Man " drama ဇာတ်ကားကနေ သူ့ကို ပြည်တွင်းမှာ အောင်မြင်ကျော်ကြားစေခဲ့ပါတယ် ..။


6💘 Park Yoo Chan

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပက်ခ်ယွန်ချန် ဟာဆိုရင် သရုပ်ဆောင် ၊ အဆိုတော် ၊ သီချင်းရေးဆရာ ၊ မော်ဒယ် ... Dancer လည်းဟုတ်ပါတယ် ..။ TVXQ အဖွဲ့ရဲ့ member လည်းဖြစ်တဲ့အပြင် Kpop Band , JYJ member လည်းဟုတ်ပါတယ် ။ အဆိုတော်အလုပ်အပြင် ၂၀၁၀ မှာ စတင်သရုပ်ဆောင်ခဲ့ပါတယ် .. ။ သူ့ရဲ့ အရည်အချင်းတွေကြောင့် သူဟာ The most popular actor 2015 စာရင်းမှာပါခဲ့ပါတယ် ..။


5💘 Hyun Bin

ဟွန်ဘင်ကို စက်တင်ဘာ ၂၅ ၊ ၁၉၈၁၂ ခုနှစ် တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားပါတယ် ။ " My name is Kim Sam Soon " ဇာတ်ကားမှ ပထမဆုံး လူသိခံရပေမယ့် ကြီးမားတဲ့အောင်မြင်မှုတော့ မဟုတ်ခဲ့ပါဘူး ။ သူ့ကိုအောင်မြင်စေတာကတော့ " Secret Garden " ဆိုတဲ့ K-drama ကားပါ ..။ ဒီကားမှာ သူဟာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။


4💘 Kim Woo Bin

188 cm ရှည်တဲ့ ကင်ဝူဘင် ဟာ ၂၀၀၉ ခုနှစ်မှာ Model အဖြစ်စလုပ်ပြီးတော့ ၂၀၁၁ ခုနှစ်မှာ စတင်သရုပ်ဆောင်ခဲ့တာပါ ..။ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့  " A Gentleman's Dignity " , " To the Beautiful You " ဟာဆိုရင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် ..။ " School 2013 " , " the Heirs " , " the Con Artist " , " Twenty " စတဲ့ ဇာတ်ကားတွေကိုရိုက်ခဲ့ပါတယ် .။ အရင်က သိပ်နာမည်မကြီးပေမယ့်လည်း အခုတော့ popular actor တစ်ယောက်ဖြစ်နေပါပြီ ..။


3💘 Lee Jong Suk

2009 ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ကိုရီးယား ဒရမ်မာ ထုတ်လုပ်ရေး တစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ ..။ ဇာတ်လိုက်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ " School 2013 " ဇာတ်ကားနဲ့ လူသိများခဲ့ပါတယ် ..။ " I Can Hear Your Voice " , " Doctor Stranger " , " Pinocchio " စတဲ့ drama ကားတွေကိုရိုက်ခဲ့ပါတယ် ..။ နောက်ပြီး Best New Actor in KBS Awards , Excellence Award , 6th Korea Drama Award s စတဲ့ဆုတွေအပြင် အခြား ဆုပေါင်းများစွာ ရရှိထားပါတယ် ..။


2💘 Lee Min Ho

လီမင်ဟို ဟာ " Boys Over Flower " ဇာတ်ကားထဲက အဓိကဇာတ်ဆောင် နေရာကနေ စတင်လူသိများလာတာပါ ။ 187 cm ရှည်တဲ့ အရပ်နှင့် ခန့်ငြားစမတ်ကျမှုတွေကြောင့် ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တော်တော်များများရရှိ ခဲ့ပါတယ် ။ " City Hunter " , " the Heirs " , " Personal Taste " ဟာ အောင်မြင်တဲ့ drama ကားတွေပါ ။ Best New Actor (TV) in 45th Baeksang Arts Awards , Popularity Award , Actor in MBC Drama Awards အပါအဝင် စုစုပေါင်း ဆု ၃၃ ခုရရှိခဲ့ပါတယ် ။


1💘 Kim Soo Hyun

ကင်ဆိုဟွန်းကို ၁၉၈၈ မှာမွေးပြီး ၂၀၀၇ မှာ သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ..။ " Jungle Fish " ဇာတ်ကားမှာ ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ် ..။ ခန့်ငြားစမတ်ကျမှုနှင့်အတူ လိုအပ်သလို ကောင်းမွန်စွာ သရုပ်ဆောင်တတ်မှုတွေကြောင့် လူကြိုက်များ ကျော်ကြားခဲ့ပါတယ် ..။ " My Love from the Star " , " Moom Embracing the Sun " , " Dream High " စတဲ့ Famous K-drama တွေမှာ အောင်မြင်မှုတွေရခဲ့တာဖြစ်ပါတယ် ။ Best New Actor and Popularity Award in 4th Korean Drama Awards , Most Popular Actor and Best New Actor in 50th Baeksang Arts Award နှင့် အခြားဆုတံဆိပ်ပေါင်းများစွာ ရရှိထားပါတယ် ..။


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment