ရောင်းအားကိုမြင့်တက်စေမည့် PROMOTION

ရောင်းအားကို မြင့်တက်စေမည့် promotionများ

------------------------

Service လုပ်ငန်းတွေခေတ်စားလာတာနဲ့အမျှ စီးပွားရေးဟာ ပိုမို အားကောင်းလာပါတယ် .. ။ စီးပွားရးလုပ်ငန်းတွေမှာ ပြိုင်ဆိုင်မှုတွေကလည်း အရမ်းကို ပြင်းထန်လာကြပါတယ် .. ။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ ရောင်းအားကောင်းဖို့ .. လူသိများဖို့ ဆိုတာကလည်း အရေးကြီးသလို နည်းလမ်းဟောင်းနဲ့ မရနိုင်တော့ပါဘူး .. ဆန်းသစ်တဲ့ idea တွေ ..လိုအပ်လာပါတယ် .. ဒါ့ကြောင့် promotion တွေဟာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ရပ်ဖြစ်လာပါတယ် .. ။

(၁)  မေတ္တာလက်ဆောင်

သင့်ရဲ့product ကို လူတွေများများသိဖို့ အိတ်သေးသေး .. ဘူးသေးသေးနဲ့ ကျစ်ကျစ်လစ်လစ် ထည့်ထားတာတွေကို မေတ္တာလက်ဆောင်ပေးပါ ... ဥပမာ သင့်ကုမ္ပဏီက မျက်နှာသစ်ဆေးတစ်ဗူး ဝယ်ရင် မျက်နှာလိမ်းခရင် အထုတ်သေးတစ်ထုတ်ကို မေတ္တာလက်ဆောင်သဘောမျိုးနဲ့ပေးပြီး အစမ်းသုံးခိုင်းကြည့်တာမျိုးပါ .. ။ နောက်တစ်ခုက အထက်တန်း စာသင်ကျောင်း .. တက္ကသိုလ်လို ဆယ်ကျော်သက် ဖူးငုံတွေပေါတဲ့နေရာမှာလည်း sample  ပေးသင့်ပါတယ် .. ။ ဒါပေမယ့် တစ်ခါညှစ် တစ်ခါကုန်တော့ မဖြစ်ပါစေနဲ့ .. ။

(၂) Holiday Promotion

အားလက်ရက်တွေမှာ promotion ချပေးဖို့စဉ်းစားပါ .. ဘာလို့လဲ .. ရုံးအလုပ်တွေ လုပ်နေရတဲ့ အိမ်ရှင်မတွေ အမျိုးသမီးတွေက စနေတနင်္ဂနွေမှာပဲ ဈေးဝယ်ထွက်ဖို့ အခွင့်အရေးများတာပါ .. အဲလိုရက်တွေမှာ shopping ထွက်ရင်တောင် ဆိုင်တွေက အများကြီးပါ .. သင့်ဆိုင်က promotion ချရင့် သင့်ဆီလာဖို့ ဦးစားပေးဆုံးဖြတ်မှာပါ .. ။

(၃) Buy 1 ; Get 1 Free

သင့်ရဲ့ ပစ္စည်းက အခုမှဈေးကွက်ထဲဝင်တယ် .. လူသုံးလည်းမများရင် ဒီနည်းလမ်းကို သုံးသင့်ရင် သုံးရပါမယ် .. ။ တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုတော့ အရှုံးပေါ်လာရင် လက်ခံနိုင်အောင် ပြင်ဆင်ရပါမယ် .. ။

(၄) မဲဖောက်ခြင်း

သင့်ရဲ့ customer တွေကို လစဉ် သို့မဟုတ် အလျင်းသင်သလို ဆုမဲတွေဖောက်ပေးပါ .. ။ ကံစမ်းမဲ ကူပွန်တွေ .. ခဲခြစ်ကံစမ်းမဲ စည်ဖြင့်ပေါ့ .. ။ ဆုမဲအကြောင်းကိုလည်း official webist တွေ blog , fan page နဲ့ socia media တွေမှာကြော်ငြာထားပါ .. ဘူးခွံတွေမှာလည်း ထင်သာမြင်သာအောင်ပြသပါ .. ။ ဒါမှ လူတွေက သင့်product အပေါ်မှာ သတိထားမိပြီး စိတ်ဝင်စားလာ ပါလိမ့်မယ် .. ။

(၅) Discount

Discount က လူတိုင်းနှစ်သက်ပါတယ် .. ။ ရာခိုင်းနှုန်းအလိုက် ဈေးလျော့တာ ဒါမှမဟုတ်ရင် ငွေသားပြန်လည်ပေးတာမျိုးလုပ်သင့်ပါတယ် .. ။ ဒီနည်းလမ်းဟာ ရိုးရှင်းသလောက် အလွန်ထိရောက်ပါတယ် ....။ ဒါပေမယ့် သင်ဟာ discount ကိုခဏခဏ မချဖြစ်ရင်တောင် ဝယ်ယူသူတွေကတော့ အမြဲမျှော်လင်နေတယ် ဆိုတာကိုမှတ်သားထားပါ ..။

(၆) ကြော်ငြာခြင်း

ကြေငြာတာလည်း အရေးကြီးတာပါပဲ .. ။ TV ကနေဖြစ်စေ .. ပိုစတာတွေကနေဖြစ်စေ ကြေငြာနိုင်ပါတယ် .. ။ လက်ကမ်းစာစောင် ကမ်းခြင်းဖြင့်လည်း ကြေငြာနိုင်ပါတယ် ... ။ social media တွေကနေကြေငြာခြင်းဖြင့်လည်း သင့် productအပေါ်မှာ လူသိများလာပါလိမ့်မယ် ... ။

Myo Thwin Aung
Economics ( MUE )


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment