Online သုံးနေတာ ကြာပါပြီ ! ငွေတွေပဲ ကုန်နေတယ် .. ဘယ်လိုဝင်ငွေရှာရမှန်းမသိဘူး ! ကိုယ်က သူများတွေလို OS တွေ ဘာတွေလည်း မလုပ်တတ်တော့ ဝင်ငွေဆိုတာက ဘာဆိုဘာမှ ပြစရာ မရှိဖြစ်နေတတ်ပါတယ် ။ လွယ်ကူတဲ့ နည်းလေး တစ်ခုပြောပြချင်ပါတယ် ။
Facebook ပေါ်မှာ Download Link တွေ ချပေးတာသိပါလိမ့်မယ် ။ Website တွေရဲ့ Link တွေက ရှည်လျားပါတယ် ။ Link Shorten လို့ ခေါ်တဲ့ ချုံ့ထားတဲ့ Website တွေကနေ ဝင်ငွေ ရှာလို့ရပါတယ် ။ ဥပမာ bit.ly , goo.ly , adf.ly စတာတွေကို တွေ့ဖူးမှာပါ ။ အခုကတော့ adf.ly ပါ ။
About Adf.ly
Adf.ly ဆိုတာဘာလဲ ? Adf.ly ဆိုတာက သူ့ System ကိုသုံးပြီး Link ကို ချုပ် မယ်ဆိုရင် ကြော်ငြာခရနိုင်ပါတယ် ။ သင့် Website ကို မရောက်ခင် 5 စက္ကန့်မှာ သူ့ ကြော်ငြာတွေကို ကြော်ငြာမှာ ဖြစ်ပါတယ် ။ ဒါကြောင့် သူက သင့်ကို ကြော်ငြာခ ပေးတာပါ ။
$5 ကနေ စတင်ထုတ်လို့ရပါတယ် ။ လစဉ် အပတ်စဉ် ထုတ်ပေးလေ့ရှိပါတယ် ။ Visitors 7000 လောက်ဆိုရင် $5 ရပါတယ် ။ ဒါဟာ အရမ်းများပြားတဲ့ ပမာဏ မဟုတ်ပါဘူး ။ သူ့ Site မှာ Join ထားသူပေါင်း သန်းကျော်ရှိပါတယ် ။ ငွေထုတ်တဲ့အခါ Paypal , Payone စတာတွေနဲ့ ထုတ်လို့ရပါတယ် ။
ကဲ ဒါဆို အကောက်ဖွင့်ရအောင် ! အောက်က adf .ly ဆိုတာလေးကို နှိပ်ပေးပါ ။ box ထဲက စာလေးတွေကို နှိပ်လိုက်ရင် auto ရောက်သွားပါလိမ့်မယ် ။
AdFly - The URL shortener service that pays you! Earn money for every visitor to your links.
ရပြီဆိုရင်တော့ ဒီလိုလေးတွေ ပေါ်လာပါလိမ့်မယ် ။
✔ Join Now ဆိုတာလေးကို နှိပ်ပေးပါ ။
ဖြည့်ခိုင်းတဲ့ အချက်အလက်လေးကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးပါ ။ အနီ နဲ့ Box လေးကတော့ ပေးထားတဲ့ စာတွေကို မှန်အောင် ပြန်ရိုက်ရမှာဖြစ်ပါတယ် ။ ပြီးရင် I agree to the terms and conditions ဆိုတာလေးကို အမှန်ခြစ်ပြီး Join ကိုနှိပ်ပါ ။
Verification Email တစ်ဆောင်ရောက်လာပါ လိမ့်မယ် ။ Email ရောက်လာဖို့ အတွက် Email (Gmail) ဟာ မိမိ ph , Laptop မှာ Log in ဝင်ထားဖို့ လိုပါတယ် ။ ဒါဆိုရင်ရသွားပါပြီ ။
ဒီလိုလေးပေါ်လာရင်တော့ Google Play ဆိုတာကို နှိပ်ရင် application download ဆွဲဖို့ ပေါ်လာပါလိမ့်မယ် ။ Web version အတိုင်းသုံးချင်ရင် Continue to Web Version ကို နှိပ်ပါ ။ app ကလည်း သုံးရတာ လွယ်ပြီး အဆင်ပြေပါတယ် ။
ကဲ ဒါဆိုရင်တော့ ရသွားပြီ ! တစ်ခါ acc ဖွင့်ထားပြီးရင် နောက်အခါတွေမှာ Log in ဝင်ရုံပါပဲ ။
ဘယ်လိုလုပ်ရမှာလဲ ?
ကို ချုံ့ချင်တဲ့ Link ကို Box ( socialmta.blogspot.com ထည့်ပြထားတဲ့နေရာ ) မှာထည့်ပြီး Shrink ကို နှိပ်လိုက်ပါ ။
အခုလို adf.ly/ABC123 ဆိုပြီး အတိုလေး ကျလာပါလိမ့်မယ် ။ ဒါကို Copy ကူးပြီး Social Media လိုမျိုးတွေမှာ Share ပါ ။ လူတွေက နှိပ်တာနဲ့ သင်ဝင်ငွေရပါပြီ ။ လူကြည့်များလေ ငွေဝင်လေပါပဲ ။
အလိမ်အညာမဟုတ်ပါဘူး ။ Channel Myanmar တောင် ဒီနည်းသုံးနေပါတယ် ။ အဆင်ပြေကြပါစေဗျာ ။
မျိုးသွင်အောင်
Econonics (MUE)
#A
0 comments:
Post a Comment