သူငယ်ချင်းဟောင်းတွေကိုတွေ့တဲ့အခါ
သူငယ်ချင်းဟောင်းတွေကို တွေ့တဲ့အခါ မခေါ်ဖြစ်တာများပါတယ် ။ (ကျွန်တော့်အနေနဲ့ပြောတာပါ ) ဒါကလည်း ဘာလို့လဲဆိုတော့ ကိုယ်ကခေါ်လိုက်ရင် သူများမှတ်မိပါ့မလား ? ဟုတ်တယ် .. ။ ၃ .. ၄ နှစ်ထပ်မက ၇ နှစ် ၈ နှစ်လောက် ကွဲကွာတဲ့သူငယ်ချင်းတွေဆိုရင် မေ့တတ်ပါတယ် ။ ဒီလိုမေ့သွားတာကလည်း အပြစ်တော့ဆိုလို့မရဘူးပေါ့ ။ ဘာလို့လဲဆိုတော့ အချိန်တွေကြာတာရယ် .. အနေတွေဝေးတာရယ်တွေကြောင့်ပါ ။ ဒီတော့ ကိုယ်နှုတ်ဆက်လို့ သူက ကိုယ့်ကိုသိရင်အကောင်းသား .. ကိုယ့်ကိုယ်မသိရင် ကိုယ့်အနေနဲ့ အောင့်သက်သက်ဖြစ်ရတာပေါ့ ။
ကိုယ်တောင်မှတ်မိရက်နဲ့ သူကမမှတ်မိဘူးဆိုတော့ သူ့ဘက်က ကိုယ့်ကို တန်ဖိုးထားရဲ့လား ? စစ်မှန်ခဲ့ရဲ့လား စသည်ဖြင့်မလိုလားအပ်တဲ့ အတွေးတွေကလည်း ဝင်လာတတ်ပါတယ် ။ နောက်ပြီး ကိုယ့်ကိုယ်မမှတ်မိ ၊ မေ့သွားတဲ့ လူတစ်ယောက်ကိုလည်း ခခယယ သူ့ memory ကို recall ပြန်လုပ်မနေချင်ဘူး ။ ဒါကလည်း ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ပါပဲ ။ ဒီတော့ ဒီစိတ်ကြီး လွှမ်းမိုးနေတော့ မခေါ်ဖြစ်တော့ဘူး ။
ဒါကလည်း သေချာစဉ်းစားကြည့်ရင် လုံးဝကိုယ် မကောင်းတဲ့အချက်ပါပဲ ။ ကိုယ့်ဘက်က စပြီး မခေါ်နိုင် မခနိုင်တော့ သူ့ဘက်က အခေါ် အခကို စောင့်နေရတယ် ။ ဒီတော့ ရင်မောရတာပေါ့ ။ ကိုယ့်ကိုမှတ်မိပါစေ ၊ ကိုယ့်ကိုစ ခေါ်ပါစေ .. ကိုယ့်ကိုအရေးပေးပါစေ စသည်ဖြင့်ပေါ့လေ ။ ဘယ်လိုပဲုဖြစ်ဖြစ် လိုအပ်ရင်တော့ ကိုကလည်း ခ ရ ခေါ် ရမှာပါပဲ ။ ဘာလို့လဲ ဆိုတော့ သူငယ်ချင်းတွေကြားထဲမှာ ဘယ်သူက ဘာဖြစ်ရမယ် . ဘာလုပ်ရမယ်ဆိုတာ အတိအကျမရှိပါဘူး ။ ဘယ်သူမှလည်း ကြာကြာ အသာစီးမယူနိုင်ပါဘူး ။ ဒီတော့ လိုအပ်ရင် ခ လိုက်ပါ ။
သူငယ်ချင်းဟောင်းတွေ တွေ့ရင် မှတ်မိသည်ဖြစ်စေ ၊ မမှတ်မိသည်ဖြစ်စေ နှုတ်ဆက်ပါ ။ ဒါဆို သူလည်း ကြည်နူး ၊ ကိုယ်လည်းပျော်ရွှင်ရတယ် ။ အပေါင်းသင်းလည်းတိုးပါတယ် ။ ဒီလိုအကျင့်ဆိုးကြီးကို ဖျောက်ရမယ့်ထဲမှာ ကျွန်တော်က ထိပ်ဆုံးကဖြစ်မှာပါ ။
ချစ်ခြင်းခွန်အား ပေးသနားပါ ~~!
မျိုးသွင်အောင်
Economics (MUE)
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment