အောင်မြင်တဲ့ website တစ်ခုပိုင်ဆိုင်ဖို့ မဖြစ်မနေ သိစရာများ

အောင်မြင်သော WEBSITE တစ်ခု ပိုင်ဆိုင်ဖို့ မဖြစ်မနေလေ့လာစရာများ

ယနေ့ခေတ်ဟာ internet ခေတ်ဖြစ်လာတာနဲ့အမျှ website ဆိုတာဟာလည်း လူတိုင်းနဲ့ ရင်းနှီးနေကြပြီဖြစ်ပါတယ် ။ အထူးသဖြင့် Google , Facebook , Twitter , Youtube လိုမျိုး Social Site တွေဟာဆိုရင် မသိသူမရှိသလောက်ဖြစ်နေပါပြီ ။ ဒါ့အပြင် Company Website , Online Store Website , Entertainment Website , Personal Site စတဲ့ Website တွေထဲမှာလည်း အောင်မြင်နေတဲ့ Website တွေအမြောက်အများရှိနေဆဲပါပဲ ။

ဒီတော့ Website တစ်ခုအောင်မြင်တယ်ဆိုတာဟာ ကိုယ့် Website ကိုလူဘယ်လောက်လာလည်တယ်ဆိုတာပေါ် မူတည်နေတာပါ ။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူဘယ်နှသန်း ၊ တစ်လကို ဘယ်လောက် စသည်ဖြင့် ကြည့်ရှုသူပမာဏပေါ်မူတည်ပြီး Website ရဲ့အောင်မြင်ကြော်ကြားမှုကို သတ်မှတ်လို့ရနိုင်ပါတယ် ။ ဒီကြော်ကြားမှုတွေ ကနေတဆင့် Business Ads လို့ခေါ်တဲ့ စီးပွားရေးကြော်ငြာတွေ ၊ ကြော်ငြာအေဂျင်စီတွေနဲ့ ဆက်သွယ်ပြီး အပိုငွေရှာနိုင်သလို အောင်မြင်လာတာနဲ့ အမျှ Website ရဲ့တန်ဖိုးဟာလည်း တက်လာမှာပဲဖြစ်ပါတယ် ။

ကိုယ်ဟာ စီးပွားရေးတစ်ခုကို အခြေချလုပ်ကိုင်တော့မယ်ဆိုရင် Website တစ်ခုဟာ မဖြစ်မနေလိုအပ်တဲ့ အရာလို့ပဲဆိုချင်ပါတယ် ။ ဘာလို့လဲဆိုတော့ Website ကနေတဆင့် သန်းပေါင်းများစွာသော လူတွေဆီကို ခဏလေးအတွင်း အချိန်ကုန် ၊ ငွေကုန်သက်သာစွာကြော်ငြာနိုင်တယ် ၊ Info တွေပေးနိုင်ပါတယ် ။ ဥပမာဆိုကြပါစို့ ~~ လက်ကမ်းစာစောင်ဝေတယ်ဆို မြို့တစ်မြို့စာ ၊ ကန့်သတ်ထားတဲ့ လူဦးရေ အတွက်သာ ကြော်ငြာနိုင်မှာဖြစ်ပြီး Online ကနေဆိုရင်တော့  unlimitted People ဆီကိုရောက်မှာပါ ။ နောက်ပြီး expenditure လို့ခေါ်တဲ့ အသုံးစရိတ်ကလည်း Online Advertising နဲ့စာရင် မြင့်တက်နေပါတယ် ။

နောက်တစ်ချက်က Information ပိုင်းပါ ။ Customer တွေဟာ ကိုရီးယားကားတစ်ကား ကိုစောင့်ကြည့်နေကြတဲ့ လူတွေလိုပါပဲ ။ နောက်ဆက်တွဲ အပိုင်းတွေကို သိပ်မျှော်လင့်ကြတယ် ။ နောက်ထွက်လာမယ့် ကုန်ပစ္စည်းတွေ ၊ ဝန်ဆောင်မှုတွေ ကိုမျှော်လင့်နေပါတယ် ။ ဒါတင်မက .. Discount , Promotion စတာတွေကိုပါ ပိုမိုမျှော်လင့်နေပါတယ် ။ ဒါပေမယ့် ကိုယ့် ကုမ္ပဏီရဲ့ Activities တိုင်းကိုတော့ Customer က သိမှာမဟုတ်ပါဘူး ။ နောက်တစ်ချက်က ကိုယ်ကလည်း အကြောင်းအမျိုးမျိုးကြောင့် Promotion ချတိုင်း ၊ Discount ပေးတိုင်း , Gift card ပေးတိုင်း Customer တွေကို လိုက်မပြောနိုင်သလို TV ဖန်သားပြင်ကနေလည်း အမြဲကြော်ငြာ နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ ကိုယ့်ရဲ့ Website , Social Profile ကနေ ကြော်ငြာလိုက်မယ်ဆိုရင်တော့ Customer အဟောင်းတွေ သိရုံသာမက ၊ အလားအလာရှိတဲ့ မိတ်သစ်တွေပါ ရနိုင်ပါတယ် ။ ဒါကြောင့် Company Website တွေဟာ Digital Marketing အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။

ဒီတော့ Company Webaite တစ်ခုတော့ ထောင်လိုက်ပြီထား ။ Design , Domain , Feature စတာတွေကို စဉ်းစားရဦးမှာပါ ။ ပထမဦးဆုံးကတော့ အရေးကြီးတာ Domain ပေါ့ ။ Domain လို့ခေါ်တဲ့ Website Link (www.yourcompany.com) က အရေးကြီးပါတယ် ။ ကိုယ်ဟာ နာမည်ကို တက္ကသိုလ်ဖောင်တင်သလို များများစဉ်းစား ထားရမယ် ။ ဒါမှ တစ်ခုမရတစ်ခုရမှာပါ ။ ကိုယ်လိုချင်တဲ့ နာမည်က သူများယူထားတာလည်း ဖြစ်နိုင်တယ် ။ ဒါဆိုရင် နောက်တစ်နာမည် စဉ်းစားတာ အကောင်းဆုံးပါပဲ ။ ကိုယ်လိုချင်တဲ့ အမည် ရမရဆိုတာကိုတော့ GoDaddy.com လိုဟာမျိုးမှာ စစ်ဆေးနိုင်ပါတယ် ။ မြန်မာနိုင်ငံကဆိုရင်တော့ ShweHosting.com , netscriper.com မှာစစ်နိုင်ပြီး .com.mm ပါရနိုင်ပါတယ် ။

Domain name ကိုရွေးပြီးရင် .com , .net , .org , .shop , .online , .store လိုမျိုး Global domain တွေအပြင် .com.mm , co.kr , co.uk စတဲ့ country domain တွေပါရှိပါတယ် ။ မြန်မာပြည်က လုပ်ငန်းရှင်တွေအနေနဲ့ကတော့ .com (ဒါမှမဟုတ်) .com.mm လောက်ပဲ ရွေးသင့်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက www.yourcompany ပြီးရင် .com ဆိုတာပဲရိုက်ဖို့ အကျင့်ပါနေကြလို့ပါ ။ ကိုယ့်ဆိုက်က .org , .net တို့ဆိုရင်လည်း သိပ်ကိစ္စမရှိဘူး ။ .store , .club စတာတွေပေးမိရင် တစ်ဖက်က မှတ်မိဖို့ ခက်ခဲပါလိမ့်မယ် ။ ဒါကြောင့် ဖြစ်နိုင်ရင် .com , .com.mm ကိုသာရွေးစေချင်ပါတယ် ။

နောက် တစ်ခုကတော့ Design ပိုင်းပါပဲ ။ ဒီဇိုင်းရွေးတာနဲ့ ကိုယ်လိုချင်တဲ့ Design ကို Developmer တွေကို အသေးစိတ်ပြောပြရေးဆွဲခိုင်းရမယ် ။ ဒီဇိုင်းက အရမ်းကြီး ဆန်းကြယ်ဖို့ မလိုပါဘူး ။ ရှင်းရှင်းလင်းလင်း နဲ့ လိုအပ်တဲ့ Key တွေကို အလွယ်တကူရှာတွေ့ဖို့ပါ ။ Header လိုမျိုးခေါင်းစဉ်ကို လူမြင်လွယ်အောင် ထင်ထင်ရှားရှား သိသိသာသာ ရေးသင့်တယ်။ Tagline မှာတော့ Website အကြောင်းကို ရှင်းရှင်းလင်းလင်း သိသိသာသာ ဖြစ်အောင် လိုရင်းကို ချုပ်ရေးသင့်တယ် ။ Create Account , Log in စတာတွေအပြင် , Search box , Share Button ( Facebook , Twitter , Instagram ) , Comment Box တွေကို မြင်သာတဲ့ နေရာမှာ ရှင်းရှင်းလင်းလင်း ထားသင့်တယ် ။ Website ကနေ Social Profile ကို တိုက်ရိုက် Follow လုပ်နိုင်ဖို့ကိုလည်း စီစဉ်ထားရမယ် ။

Create Account လိုနေရာမျိုးမှာ Sign Up with Social Acc ( Facebook , Twitter ) တွေကို ထားပေးရင် ပိုမိုသုံးရလွယ်ကူပြီး လူတိုင်းလည်း member ဝင်လာကြပါလိမ့်မယ် ။ Log in မှာလည်း ထို့အတူပါပဲ ။ နောက်တစ်ခုကတော့ Share Buttom လေးတွေပါပဲ ။ Share on Facebook , Share on .. etc ; ဒီလို ခလုတ်လေးတွေကို ရှင်းရှင်းလင်းလင်းထားပေးတာဟာ လူတွေကို ပိုပြီး Share ချင်စိတ်ဖြစ်စေပါတယ် ။ Category တွေကိုလည်း စနစ်တကျနဲ့ ထိထိမိမိ ပြုစုရပါမယ် ။ ဥပမာ Online Shopping လိုဟာမျိုးဆိုရင် Clothing , Cosmetic , Underwear , Food စသည်ဖြင့် စနစ်တကျ ခွဲထားပေးရမယ် ။ Cosmetic Company အနေနဲ့ကလည်း Skin Care , Make up , Facial , Body , Foot စသည်ဖြင့်ပေါ့လေ ..။

နောက်တစ်ခုကတော့ Contect ပိုင်းပါပဲ ။ Contect ပိုင်းဟာ သိပ်အရေးကြီးပါတယ် ။ About me ဆိုတဲ့နေရာမှာ Company ရဲ့ အကြောင်းကို ရေးသားရမယ် ။ လိုင်စင် ရရှိထားကြောင်း ၊ ဘယ် Product တွေကို ဖြန့်ဖြူးနေကြောင်း ၊ ရုံးခွဲ ၊ ဆိုင်ခွဲ  ( ကောင်တာ ) များမည်မျှရှိကြောင်း တို့ကို ရေးသားဖော်ပြပေးရပါမယ် ။ နောက်ပြီး Content နေရာမှာ customer လာရောက်လို့ရမယ့် လိပ်စာ ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ၊ Email လိပ်စာ ၊ ဒါ့အပြင် အသုံးများနေတဲ့ .. လူသုံးများဖို့ အလားအလာရှိတဲ့ Local Social App ( LINE , Viber , Wechat , Zolo ) တွေမှာပါ ကိုယ့်ကိုယ် ဆက်သွယ်လို့ရမယ့် Account ရှိထားသင့်ပါတယ် ။

Footer မှာလည်း ကိုယ့် Website ဟာမူပိုင်ခွင့် (copyright) ရပြီးရင် ရပြီးကြောင်းဖော်ပြရမယ် ။ နောက် Website ကိုသုံးစွဲရင်းဖြစ် လာတဲ့ အခက်အခဲတွေ ကိုတင်ပြနိုင်ဖို့ Report Box လည်းထားပေးရမယ် ။ ဒါမှ Customer တွေရဲ့ လိုအပ်ချက်အတိုင်း လိုအပ်တာကို ဖြည့်ဆည်းနိုင်မှာပါ ။

ဒါဆိုရင်တော့ ကောင်းမွန်တဲ့ Website တစ်ခုကို ပိုင်ဆိုင်ရပြီလို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ကိုယ့် Site ကို လူများများလည်ပတ်အောင် ၊ ကြည့်ရှုသူများအောင် ပရိတ်သတ်တွေကို ဘယ်လိုဆွဲဆောင်မလဲ ဆိုတာတော့ နောက်အဆင့်တွေမှာ ဆက်လက်ဖော်ပြပေးပါမယ့် ..။

( ဖြေးဖြေးပဲ ဆက်ခွင့်ပြုပါ )

Thx for Reading 💞💞💞

မျိုးသွင်အောင်
Economics(MUE)


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment