အောင်မြင်တဲ့ Brand Ambassador တစ်ဦးရဲ့ အဓိက Quality ၆ ချက် 🌞🌞



အောင်မြင်တဲ့ Brand Ambassador တစ်ဦးရဲ့ အဓိက Quality ၆ ချက် 🌞🌞

Brand Ambassador လို့ခေါ်တဲ့ Brand သံတမံဆိုတာတွေကို ယနေ့ခေတ်မှာ ကုမ္ပဏီတိုင်းလိုလိုက ခန့်အပ်လာကြပါတယ် ။ အထူးသဖြင့် အလှကုန် တွေမှာ နာမည်ကြီး မင်းသား ၊ မင်းသမီး စတဲ့ အနုပညာရှင်တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ် ။ မြန်မာနိုင်ငံမှာဆိုရင် Samsung , Huawei , Oppo စတဲ့ Smart Phone တံဆိပ်တွေမှာပါ တွေ့နိုင်ပါတယ် ။ အောင်မြင်တဲ့ Brand Ambassador တွေက ဘာအရည်အချင်းတွေကို ပိုင်ဆိုင်ထားကြသလဲ ။ ဘယ်လိုမျိုးတွေ တွေးတော ဆောင်ရွက်ကြသလဲ ။ ဒီနေရာမှာ Successful Brand Ambassador တွေရဲ့ အဓိက အရည်အချင်း ၆ ချက်ကို ဖော်ပြပေးထားပါတယ် ။

❤ Marketing နဲ့ ပတ်သတ်တဲ့ ဗဟုသုတ

သင့်ရဲ့ Brand Ambassador က Marketing ဒါမှမဟုတ် Business နဲ့ပတ်သတ်တဲ့ ဘွဲ့ ၊ certificate တစ်ခုခုရ ရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် ဈေးကွက်နဲ့ပတ်သတ်ပြီး အခြေခံအချက်တွေကိုတော့ သိရပါမယ် ။ Marketing ရဲ့ စစ်မှန်တဲ့ အရသာကို ခံစားတတ်ရပါမယ် ၊ ပြီးတော့ Digital Marketing , Social Media Marketing ကနေရလာတဲ့ အောင်မြင်မှုကိုလည်း မိမိရရ ဆုပ်ကိုင်နိုင်ရပါမယ် ။

❤ Online မျက်မှောက်ကာလကို တည်ထောင်နိုင်ခြင်း

ဒါကလည်း အရေးကြီးတဲ့ အပိုင်းတစ်ခုပါပဲ ။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ Brand Ambassador ဟာ Online ပေါ်မှာ လူအများအားပေးတဲ့လူဖြစ်ရမယ် ။ Channel , TV Season တွေမှာ တော်တော်များများ ပါဝင်ရင်ကောင်းပါတယ် ။ အထူးသဖြင့်တော့ သူ့ရဲ့ activity တွေက လူအများဆီကို ရောက်နိုင်သလောက် များများရောက်ရမယ် ။ Social Follower Fan အရေအတွက်ကလည်း စကားပြောလာပါလိမ့်မယ် ။

❤ Professional ကျမှု

သူဟာ သင့် Company ကနေ အလုပ်ထွက်သွားပြီဆိုရင်တောင် အချိန်ကာလ တစ်ခုထိ သင့် Brand ကို ကိုယ်စားပြုနေဦးမှာပါ ။ ဒါမှမဟုတ် သူက နောက် Brand တစ်ခုကို ထပ်မံရှာဖွေပါလိမ့်မယ် ။ သူဟာ ဘယ်လောက် Professional ကျတယ် ၊ ဘယ်လောက်ထိ ပရိတ်သတ်တွေကို လွှမ်းမိုးနိုင်တယ် ဆိုတာက သင့် Brand ကို လာရောက် ဆက်စပ်နေမှာပါ ။

❤ ပင်ကိုယ် ခေါင်းဆောင်နိုင်မှု စွမ်းရည်

သင့်ကိုယ် ထင်မြင်ချက် ပေးနိုင်တဲ့သူမျိုးကို ရွေးချယ်ရပါမယ် ။ သူတို့တွေဟာ သူတို့နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ဖြစ်ပြီး သင်ဟာလည်း သူတို့ရဲ့ အတွေးအခေါ် ၊ ထင်မြင်ချက်တွေကို လိုလိုလားလားရှိရပါမယ် ။ တစ်နည်းအားဖြင့်တော့ သူ့ကို သင့် Brand အတွက် တစ်ထောင့်တစ်နေရာကနေ ဦးဆောင်ခိုင်းတာပါ ။ ဒါဟာလည်း သင့် ကုန်ပစ္စည်းကို ဈေးကွက်မှာနေရာ ရစေပါတယ်။

❤ ဆက်ဆံရေးကျယ်ပြန့်မှု

တစ်ခု သိထားရမှာက Brand Ambassador ဟာ အရောင်းဝန်ထမ်းမဟုတ်ဘူးဆိုတာပါပဲ ။ ဆိုတော့ သူနဲ့ ပရိတ်သတ်ကြားက ဆက်ဆံရေးဟာလည်း သာမန်အရောင်းဝန်ထမ်း နဲ့ customer ကြားက ပုံစံမျိုး ဖြစ်နေလို့မရပါဘူး ။ သူနဲ့ Fan ကြားကဆက်ဆံရေးဟာ ပိုပြီး ခိုင်မာနေရမယ် ၊ ပိုမိုလိုလားရမယ် ၊ ပြင်းပြင်းပြပြ ထက်ထက်သန်သန်ရှိရမှာဖြစ်ပါတယ် ။ ဆိုလိုတာကတော့ Brand Ambassador တစ်ယောက်ဟာ Customer နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးရှိရပါမယ် ၊ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရမယ် ။

❤ Feedback Collection & Innovation

Brand Ambassador တစ်ယောက်ဟာ Customer တွေက ပို့ပေးတဲ့ Feedback တွေကို စုဆောင်းနိုင်ရမယ် ၊ အရေးယူ ပြုစု ဖတ်ရှုရမယ် ။ ပြီးရင် ကိုယ့်ရဲ့ ထင်မြင်ချက် ၊ အကောင်းဆုံးနည်းလမ်း ၊ အနာဂါတ် ဆန်းသစ်မှုတွေကို အကြံပေးရပါမယ် ။

အရည်အချင်းပြည့်ဝတဲ့ Brand Ambassador တွေဟာ Product ကိုဈေးကွက်မှာ နေရာရအောင် ၊ တွင်ကျယ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ် ။ ဒါကြောင့် Brand Ambassador ရွေးမယ်ဆိုရင် အနည်းဆုံးတော့ သူ့ရဲ့ Fans , ပရိတ်သတ်အပေါ်လွှမ်းမိုးနိုင်မှုကို မဖြစ်မနေ သုံးသတ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

Thx for reading 🌞🌞

မျိုးသွင်အောင်
Economics(MUE)


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment