Content ( သို့မဟုတ် ) Customer တွေဝိုင်းဝိုင်းလည်စေဖို့ 🍃🍃💧[ OS လုပ်သူတိုင်းအတွက် ]
ဒီနေရာမှာတော့ Content ကို အဆက်အသွယ်လို့ပဲ ပြောပါမယ် ။ အဆက်အသွယ်ကို လူတိုင်းသိကြတယ် ၊ ဥပမာ ဈေးရောင်းတာတောင် အဆက်အသွယ်တို့ မိတ်တို့ဆိုတာ ရှိတာပါပဲ ။ ဒီတော့ မိတ် လို့ခေါ်တဲ့ အဆက်အသွယ်ကတော့ လိုအပ်တာပေါ့ ။ Online Business လုပ်ကိုင်တဲ့ လူတွေအတွက်လည်း မိတ်ကလိုအပ်ပါတယ် .. ဒီတော့ Online Supplier တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းအတွက် အဆက်အသွယ်တွေကို ဘယ်လိုဖန်တီးကြမလဲ?
အဆက်အသွယ်ဆိုတာတွေမရှိရင် ၊ အဆက်အသွယ်ဆိုတာသာမရရင် Internet ဆိုတာအလကားပါပဲ ။ Amazon , Ebay , Alibaba စတဲ့ Website တွေက Online ပေါ်ကနေ အဆက်အသွယ်တွေ ဖန်တီးကြတာပါပဲ ။ ကိုယ့်မှာ Website ကောင်းကောင်းတစ်ခုရှိရင်တော့ အဲဒိ Website ကနေတဆင့် အဆက်အသွယ်တွေ ၊ စီးပွားရေးမဟာမိတ်တွေ ဖန်တီးလို့ရပြီပေါ့ ။ ( Website ကောင်းကောင်းတစ်ခု ဘယ်လိုဖန်တီးမယ်ဆိုတာကို အခါသင့်လျှင် ဆွေးနွေးတင်ပြပါမည် ) ။
ဒီတော့ Online Supplier or Online Business တွေအတွက် ထိရောက်ပြီး အကျိုးရှိတဲ့ Content တွေဘယ်လိုဖန်တီးကြမလဲ ။ Prof: Justin Champion ရဲ့ လွယ်ကူထိရောက်တဲ့ Stage လေးတွေကို လေ့လာဖို့ တင်ပြပေးလိုက်ပါတယ် ။
Step1( Attract ) 》 Step2( Convert ) 》Step3 ( Close) 》Step4( Delight )
Step 1 :: ( Attract )
ကိုယ့် Website ကိုဝင်ကြည့်ချင်စိတ်ရှိအောင် ၊ ကိုယ့် Product ကိုသုံးချင်အောင် .. ကိုယ့် Service ကိုသဘောကျအောင် စွဲဆောင်မှုရှိရှိ ရေးသားဖော်ပြတာပါ။ Nature Republic Myanmar မှာ အနည်းငယ်လေ့လာကြည့်နိုင်ပါတယ် ။
Step 2 ::: ( Convert )
ဒီအဆင့်မှာတော့ Social Media တွေ ၊ အောင်မြင်တဲ့ Website တွေကို သုံးကြပါတယ် ။ Social Media ကနေ ကိုယ့် Website ကိုမြားခေါ်တာ ၊ ဒိတ်ဒိတ်ကျဲ Site တွေ ကနေ ကြော်ငြာထည့်တာပါ။ အပြည့်အစုံဖတ်ရန် အောက်ကလင့်ကို နှိပ်ပါ ဆိုတာတွေ တွေ့ဖူးပါလိမ့်မယ် ။ သတင်းစာတိုက်တွေရဲ့ Social Acc , App Page တွေမှာတွေ့ရတတ်ပါတယ် ။ 7 Day News , Duwun , Irrawady News , BBC Burmese မှာ အနည်းငယ်လေ့လာလို့ရပါတယ် ။
Step 3 ::: ( Close )
ရင်းနှီးမှုတွေရပါပြီ ။ Customer တွေက ကိုယ့် Website ကို သဘောကျအောင် ၊ ခဏခဏ ဝင်ကြည့်ဖြစ်အောင် ၊ customer နဲ့ Website ကြားမှာ ရင်းနှီးမှုရလာတဲ့ အဆင့်ပါ ။ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ သင့်ရဲ့ Website က အောင်မြင်တယ်လို့ပြောလို့ရပါပြီ ။ တစ်ခုသတိထားရမှာက myanmarlatestnewspaper. com.mm , myanmaryouthcreation. com.mm ဆိုတာမျိုးတွေ ၊ myanmar_youth_creation. com.mm လို ခပ်ရှုပ်ရှုပ်တွေကို လူတွေ သိပ်ဝင်ချင်မှာမဟုတ်ပါဘူး ။
Step 4 ::: ( Delight )
အောင်မြင်နေတဲ့ Website တစ်ခုကြောင့် ကျေနပ်မှုပီတိတွေကို ခံစားရပါပြီ ။ ဒီအဆင့်မှာတော့ Customer တွေရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်စီးပေးရပါမယ် ။
ဒီတော့ .. နိဂုံးချုပ် formula ထုတ်ရမယ်ဆိုရင် ..
❤💚💛 ဆွဲဆောင်မှု 》ကြော်ငြာ 》 ရင်းနှီးမှု 》 အောင်မြင်မှု ❤💛💚
Thx for reading 😘😘😘
မျိုးသွင်အောင်
Economics ( MUE )
Source :: Prof; Justin Champion Inbund Strategy Online Course
[ သိသလောက်မျှဝေပေးတာဖြစ်လို လိုအပ်တာတွေရှိရင်လည်း မှားတာပါရင် ဝဏာမိပါ ]
www.facebook.com/SocialMyoThwinAung
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment