Benifit of Green Tea for Beauty

အသားအရေအတွက် သဘာဝ လက်ဖက်စိမ်းလေးတွေရဲ့ ကောင်းကျိုးများ 🌿🍃🌴🍀

Benifit of Green Tea Extract for Skin

Green Tea ဆိုတာကတော့ ရှေးရှေးကတည်းက အလှအပအတွက်ရော ၊ အစားအသောက်အနေနဲ့ပါ အသုံးပြုခဲ့ကြတဲ့ သဘာဝအဖိုးတန် ရတနာလေးပဲဖြစ်ပါတယ် ။ လက်ဖက်စိမ်းကနေ ထုတ်လုပ်တဲ့ အသားအရေ ထိမ်းသိမ်းမှုပစ္စည်းတွေဟာဆိုရင် ယခုထက်တိုင် ဈေးကွက်မှာ လူကြိုက်များ ထင်ရှားဆဲပဲဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ Beauty Guide ရဲ့ ပရိတ်သတ်တွေအတွက် လက်စိမ်းရဲ့ အလှအပဆိုင်ရာ အသုံးဝင်ပုံတွေကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ !

Green Tea ဟာဆိုရင် နေရောင်ခြည်ရဲ့ UV Rays တွေကို ဖယ်ရှားတိုက်ဖျက်ပေးတဲ့အပြင် နေရောင်ကြောင့်ပျက်စီးတာတွေ ၊ အသားအရေ နီမြန်းရောင်ယမ်းတာတွေကို သက်သာစေပါတယ် ။ ဒါကြောင့် ခုနောက်ပိုင်း Skin Care တွေမှာဆိုရင် Green Tea ကနေ Sun Cream အဖြစ်ထုတ်လုပ်လာကြပါပြီ ။ ယေဘုယျအားဖြင့် Green Tea ရဲ့ အသုံးဝင်ပုံ ၅ မျိုးကို တင်ပြပေးလိုက်ပါတယ် ။

💚 အသားအရေအရောင်ကို တိုးတက်စေတယ်

လက်ဖက်စိမ်းလေးတွေဟာ အသားအရေ အရောင်ကို တိုးတက်ကောင်းမွန်လာစေတဲ့အပြင် အသားအရေကိုပါ ကျန်းမာစေပါတယ် ။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ၊ နေလောင်လို့ ရောင်ယမ်းနီမြန်းတာတွေကို သက်သာစေပါတယ် ။ အသားအရေကိုလည်း တင်းတင်းလေးဖြစ်စေပါတယ် ။

💚 အမဲစက်တွေကို လျော့ချပေးတယ်

Green Tea မှာ ပါဝင်တဲ့ Antioxidant & Tannis တွေကြောင့် အမဲစက်လေးတွေကို လျော့ချပေးပါတယ် ။ မျက်လုံးအနားမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေတာမို့ မျက်လုံးနားက အရေးအကြောင်းလေးတွေကိုပါ သက်သာစေပါတယ် ။

💚 အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတယ်

Green Tea မှာပါဝင်တဲ့ Anti-aging & Antioxidant property ကြောင့် အရေးအကြောင်းတွေ ၊ နေလောင်ဒဏ်တွေ ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အပေါက်တွေ ၊ အစက်အပျောက်တွေကို သက်သာစေပြီး အိုမင်းရင့်ရော်မှုကို နှောက်နှေးစေပါတယ် ။

💚 ဝက်ခြံတွေကို ကုသပေးတယ်

Catechin လို့ခေါ်တဲ့ antibaterial တွေက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေလို့ ဝက်ခြံတွေကို သက်သာစေပါတယ် ။

💚 ဆံသားတွေကို သန်မာစေတယ်

Green Tea မှာ ဆံသားတွေကို အားဖြည့်ပေးမယ့် Antioxident တွေများစွာပါဝင်လို့ဆံပင်တွေကို လျှင်မြန်စွာ ရှည်စေပါတယ် ။

မျိုးသွင်အောင်
Economics(MUE)
www.socialmta.blogspot.com
(Beauty Guide)


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment