Benifit of Olive Oil for Skin

သံလွင်သီး ရဲ့အလှအပအတွက် အသုံးဝင်ပုံ 🌰🍃🍁☔

သံလွင်သီးဆိုတာကတော့ Vitamin E , A တို့ကြွယ်ဝစွာပါဝင်တဲ့အတွက် အလှအပရေးရာမှာ သုံးခဲ့ကြပါတယ်။ သဘာဝကပေးတဲ့ ရတနာတွေထဲမှာ သံလွင်ဆီဟာ (အထူးသဖြင့် ဆံသားတွေအတွက် ) ထိပ်တန်းကရပ်တည်နေပါတယ် ။ ဒါ့ကြောင့် တခြားသံလွင်သီးရဲ့ အလှအပအတွက် အသုံးဝင်ပုံတွေကို တင်ပြပေးလိုက်ပါတယ် ။

🌰 သံလွင်ဆီဖြင့်ရေချိုးခြင်း

ရေမချိုးခင် သံလွင်ဆီလေးနှင့် ကိုယ်ခန္ဓာအနှံ့ နှိပ်နယ်ပြီး ရေချိုးပေးခြင်းဟာ အသားအရေကို နူးညံ့ချောမွေ့စေတယ်ပါတယ် ။

🌰 Olive Oil Body Lotion

သံလွင်ဆီပါဝင်တဲ့ Body Lotion ကိုလိမ်းပေးခြင်းဖြင့် အသားအရေကို သိသိသာသာကို နူးညံ့ပြီး ကျန်းမာတဲ့ Skin  ဖြစ်စေပါတယ် ။

🌰 Olive Oil Makeup Remover

သံလွင်ဆီ အနည်းငယ်ကို ဂွမ်းစလေးပေါ် စွတ်ပြီး မိတ်ကပ်တွေ လိမ်းထားတဲ့ မျက်နှာ ပေါ်ကို ညှင်သာစွာသုတ်လိမ်းပါ ။ အကယ်၍ မိတ်ကပ်တွေအများကြီး လိမ်းထားရင်တောင် သံလွင်ဆီကို Remover အဖြစ် သုံးနိုင်ပါတယ် ။ ပြီးရင်တော့ မျက်နှာပြင်တစ်ခုလုံးကို မိနစ်ပိုင်းလောက်နှိပ်ပေးပါ ။ ရေဆိုခံမိတ်ကပ် လိမ်းထားရင်တောက် သံလွင်ဆီက ဖယ်ရှားပေးနိုင်ပါတယ် ။

🌰 ခြေသည်း လက်သည်းတွေကို သန်မာစေတယ်

သံလွင်ဆီအနည်းငယ်ကို နွေးလာအောင် အပူပေးပြီး လက်သည်း ၊ ခြေသည်းလေးတွေပေါ်ကို ၅ မိနစ် ၊ ၁၀ မိနစ်လောက် လိမ်းပါ ။ ပြီးရင် ရေဆေးချပေးပါ ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့ လက်သည်း တစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီ ။

🌰 Olive Oil Eye Cream

သံလွင်ဆီကို မနက် နှင့် ည တစ်နေ့နှစ်ကြိမ် Eye Cream အဖြစ် လိမ်းပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်မှာ ရှိတဲ့ အရေးအကြောင်းတွေကို သက်သာစေပါတယ် ။

🌰 Olive Oil for Hair

သံလွင်ဆီ ၁ ဇွန်း ၊ ကြက်ဥအကာ ၂ ဇွန်း ၊ သံပရာရည် အနည်းငယ်ကို ရောပြီး ဆံသားများပေါ်သို့ ၁၅ မိနစ်ခန့်လိမ်းပေးပါ ။ ပြီးရင် ခေါင်းလျော်ပေးပါ ။ ဒီနည်းဖြင့် ဖြောင့်ဆင်း နူးညံ့တဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်ပါပြီ ။

Thx for reading 😘😘😘

မျိုးသွင်အောင်
Economics(MUE)
socialmta.blogspot.com
(Beauty Guide)


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment